တွံတေး၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

တွံတေး    နိုဝင်ဘာ   ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးတို့က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းမှ  စာတွေ့နှင့်လက်တွေ့ပညာရပ်အား (၄)ပတ်ခန့်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏မြို့နယ်ရပ်ကွက်များတွင် မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့်မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများ၊ ဘေးအန္တရာယ်အမျိုးမျိုးများ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးနှင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့်  မီးငြှိမ်းသတ်ရေးပညာရပ်များ၊  အသက်ကယ်ဆယ်ရေးပညာရပ်များ၊  မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ(၁)ရက်နေ့မှ နိုဝင်ဘာ(၂၅)ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်တန်းပို့ချပေးမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်(၈)နှင့်ကျေးရွာများမှ သင်တန်းသား(၅၀)ဦး တက်ရောက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား