ဒဂုံမြို့နယ်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဒဂုံ       အောက်တိုဘာ      ၃၁                           

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတပိုမိုတိုးပွားစေပြီး ပညာရဲရင့်ပွဲလယ်တင့်ကြစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေသန္တာက ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်