ဒဂုံ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ ၁၁:၃၀ နာရီထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂)ဦးမြင့်အေး၊ အတွင်းရေးမှူးယာယီရဲမှူးမင်းခိုင်တို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနှင့်ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယအကြိမ်အဖြစ်ကျောင်းသား (၆၄)ဦး၊ ကျောင်းသူ(၉၀)ဦး ပေါင်း(၁၅၄)ဦးတို့အား (Sinopharm) အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၂၁.၆)လုံးအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)အဖြစ်ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၃)ဦး ပေါင်း(၅)ဦးတို့အား (Myancopharm)အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁)လုံးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကျန်းမာရေးစစ်ကြောင်း အဖွဲ့ဝင်များက Mask များဝေငှပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုအား ရန်ကုန်တပ်နယ်မှ ဗိုလ်ကြီးသက်ညီညီမောင် ဦးစီး ၁+၅ ဦး အမှတ်(၃)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်သန့်ဇော်မျိုး ဦးစီး ၁+၈ ဦး၊ ဒဂုံမြို့မရဲစခန်းမှရဲတပ်ကြပ်လှဝင်းပါ(၃)ဦးတို့မှ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်