ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်းနှင့် စီးပွားဖြစ်ခရမ်းချဉ်သီးနှံစိုက်ပျိုးရာ၌ ပံတစ်ဆိပ် တစ်သုံးလုံးခရမ်းချဉ်မျိုးများ စိုက်ပျိုးကြကြောင်း၊ ပံတံဆိပ်တစ်သုံးလုံး ခရမ်းချဉ်မျိုးသည် တိုင်ထောင်စိုက်ပျိုးရသော အခွံထူအထားခံခရမ်းချဉ်မျိုးဖြစ်ပြီး စိုက်ပျိုးမည်ဆိုပါက သဘာဝမြေဩဇာများဖြစ်သည့် နွားချေး(သိုမဟုတ်) ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေကိုထယ်ရေးညက်စွာ ပြုပြင်ထားရကြောင်း ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် ဘောင်များပြုလုပ်ကာ ရေအလေအလွင့်နည်းပါးစေရန်နှင့် ပေါင်းမြက်ပင်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလပ်စတစ်အပါးများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း ရေပြစ်ကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးစိုးသိန်းက ပြောပြသည်။

ပံတံဆိပ် တစ်သုံးလုံးခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါကငွေကျပ်(၁၁)သိန်းခန့် ကုန်ကျကြောင်း ပျိုးထောင်ပြောင်းရွေ့စိုက်ပျိုးပြီး (၄၅)ရက်တွင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ်ရောင်းချ ရပြီး (၁၂၀)ပိဿာအထိခူးဆွတ်ရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်တစ်ပိဿာ ငွေကျပ်(၁၂၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ ဈေးအမျိုးမျိုးရောင်းရသဖြင့် ခရမ်းချဉ်စိုက်တောင်သူအနေဖြင့် နေ့စဉ်နီးပါးဝင်ငွေရကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ဦးမြင့်ထွန်းက ဆက်လက်ပြောပြသည်။

သက်မောင်(ကျောက်ဆည်)