ညောင်ဦး အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့ အမှတ်(၄)တိုက်ကုန်းရပ်ကွက်အတွင်း ခြင်းဆေးဖျန်းခြင်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ခြင်လောင်းသားပေါက်လောက်လောင်းကောင်များ ပေါက်ဖွားနိုင်သည့် ကားဝပ် ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့် တာယာကွင်းများအား ဝင်ရောက်နေသည့် ရေများကို သွန်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယနေ့တွင်လည်း အမှတ်(၄)ရပ်၊ တိုက်ကုန်းရပ်ကွက်အတွင်း ခြင်ပေါက်ပွားနိုင်သည့် နေရာများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ကျောင်းတိုက်ဝင်း အတွင်း ဆေးဖျန်းခြင်းများ ညောင်ဦးမြို့၊ အမှတ်၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်(၅)အရန်မီးသတ်သို့ အကူအညီ တောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇ ၊၀၉၈၈၀၁၅၁၁၉၁သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ကိုကြေးမုံ