ရပ်စောက် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးဖတ်ရှုလာတတ်စေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်ဒေါ်ကြည်ဌေးက ၂၀၂၂ ခုနှစ်၊ မေလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၉)၊ အမှတ်(၅)စာအုပ်ပါ စာရေးဆရာမောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးသားထားသည့် လူငယ်များနှင့်ရည်မှန်းချက်ဆောင်းပါးပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက ဆောင်းပါးပါ အကြောင်းအရာများကို ခေါင်းစဉ်တစ်ခုချင်းအလိုက်ဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဒေါ်ကြည်ဌေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများစုစုပေါင်း(၂၀)ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
(မြို့နယ်ပြန်/ဆက်)