နောင်ချို စက်တင်ဘာ ၁၈
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက် ၁၁း၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျပ်သိန်း ၂၀ တန်ဖိုးရှိ Mask များကို လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mask များကို နောင်ချိုမြို့ ဈေးရပ်ကွက်မှ ကိုအောင်ကျော်သူနှင့်မိသားစုများက လှူဒါန်းပေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
လှူဒါန်းမှုဖြင့် ရရှိသော Mask များကို နောင်ချိုမြို့နယ်အတွင်းရှိ Quarantine Centre များ စစ်ဆေးရေး ဂိတ်များနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို ပြန်/ဆက်)