မရမ်းကုန်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ​ဆွေး​နွေးပွဲ (ဆင့်ပွား)ကျင်းပ

မရမ်းကုန်း အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ယ​နေ့နံနက် ၉း၀၀နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ​ ဆွေး​နွေးပွဲ(ဆင့်ပွား) ကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မရမ်းကုန်းခရိုင် ပညာ​ရေးမှူး ​​ဒေါက်တာခင်သူဇာစိန်က အဖွင့်အမှာ စကား​ပြောကြားပြီး မြို့နယ်ပညာ​ရေးမှူးက စီမံ၊ ဘဏ္ဍာ၊ သင်ကြား၊ ကြီးကြပ် အကဲဖြတ်ကဏ္ဍများကို ဦးဆောင်​ဆွေး​နွေးပို့ချ​ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေး​နွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစု​ပေါင်း(၃၈)ဦးတို့ တက်ရောက်လျက်ရှိပြီး  အောက်တိုဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့ အထိ (၂)ရက်တာ  ဆွေး​နွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)