ဒဂုံမြို့နယ်၌‌‌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဒဂုံ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ ၏  စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီက ဒဂုံမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

‌ရှေးဦးစွာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒဂုံမြို့နယ် ပညာရေးမှုး ဒေါ်သင်းသင်းမြိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာ​ရေးဦးစီးမှုး ​ဒေါက်တာ​ရွှေပြည်က ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးများ​ ကျောင်းများတွင် ထိုးနှံပြီးစီးမှု အ​ခြေအ​နေနှင့် ဆက်လက်​ဆောင်ရွက်​ပေးမည့်အစီအစဉ်များ၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှုး ဦးမင်းခန့်သွင်က လုံခြုံ​ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး​နွေးပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒဂုံမြို့နယ်အတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၁၁)ဦး တက်ရောက်ကြပြီး အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ရက်တို့တွင် နံနက်၉နာရီမှ ညနေ၄နာရီအထိ စီမံ၊ ဘဏ္ဍာ၊ ပညာဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်​ဇေ​သော်