အမရပူရ အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမ၌ ယနေ့ ၉ နာရီခွဲ အချိန်က အမရပူရခရိုင်၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သောဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော ကျောင်းဝတ်စုံနှင့် စက်ဘီးများအား ပေးအပ်ပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အမရပူရမြို့ အမှတ်၂ အခြေခံပညာ အထက်တန်းကျောင်းသား/ကျောင်းသူလေးများက ဘက်စုံပညာရှေ့သို့ ချီသီချင်းဖြင့် ဧည့်ခံကြိုဆိုခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော် ထင်ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး အမရပူရခရိုင်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်အောင်မြင်ခဲ့သည့် ၄ ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ ၃ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၄၀)ဦးတို့ကို ဝန်ကြီးချုပ်ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မြို့တော်ဝန်ဦးကျော်ဆန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးမျိုးအောင်၊ သယံဇာတရေးရာဝန် ကြီးဦးသိန်းဌေး၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေး၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးရဲမှူးချုပ်စိန်လွင်နှင့် ဥပဒေချုပ် ဦးမြင့်အောင်တို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် အမှတ်၁အခြေခံ ပညာအထက်တန်းကျောင်းသူလေးများက အက္ခရာအောင်ပါစေ သီချင်းဖြင့် ဧည့်ခံဖျော်ခဲ့ပြီး ဝန်ကြီးချုပ်မှ အမရပူရခရိုင်အတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း ၇၆၀ ဦးတို့အတွက် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ရာ ဆရာ၊ဆရာမများကိုယ်စား ဒေါ်တင်တင်ဦး အထက၁ ဒေါ်တင်တင်ပိုက်(အလက)ဆီမီးထွန်း၊ ဦးအေးလွင်(အမက) စျေးချိုတို့က လက်ခံယူခဲ့သည်။ ဝန်ကြီးချုပ်မှ ကျောင်းသားကျောင်းသူလေးများအတွက် စက်ဘီများကို ပေးအပ်ခဲ့ရာ အထက်တန်းကျောင်းသား၊ကျောင်းသူများကိုယ်စား မောင်မင်းထက်ဦးအထက၁နှင့် မရွှန်းလဲ့နိုင် အထက၂တို့က လည်းကောင်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများကိုယ်စား မောင်ရဲရဲချစ် အလကဆီမီးထွန်းနှင့် မယွန်းအိစံအလကမှန်တန်းတို့ကလည်း ကောင်း၊ မူလတန်းကျောင်းသား ၊ကျောင်းသူများ ကိုယ်စား မောင်ကောင်းခန့်နိုင် ဆင်ရွာမြင်းမှူးအမက၊ မဟန်မိုးပြည်စုံ မူလွန်နဂါမင်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။ အမရပူရမြို့နယ်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းသား/သူများသွားလာရေးအဆင်ပြေစေရန် စက်ဘီးအစီး ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အထက၂ ကျောင်းသား၊ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။
ယနေ့အခမ်းအနားအတွက် အမရပူရခရိုင် ပညာရေးမှူးဒေါ်ခင်စန်းဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဆုရကျောင်းသားကျောင်းသူများ၊ စက်ဘီးလက်ခံရရှိ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် စက်ဘီးလက်ခံရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွင်စွာ စက်ဘီးကိုယ်စီနှင့် စီးနင်းပြန်ရာသို့ဝန်ကြီးချုပ်နှင့်အဖွဲ့က နှုတ်ဆက်အားပေး စကားပြောကြားခဲ့ ပြီးပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
စိုးသီဟ(ပြန်/ဆက်)