သပိတ်ကျင်းမြို့တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့သည့် LED မီးသီးများ တပ်ဆင်

သပိတ်ကျင်း စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာ ယာရေးအဖွဲ့မှ ထောက်ပံ့သည့် 60W LED မီးသီးအလုံး(၄၀)နှင့် သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ 84W မီးသီး(၁၀)လုံးနှင့်ဆက်စပ်ပစ္စည်းတို့အား မြို့ပေါ်ရှိလိုအပ်လျက်ရှိသော ရပ်ကွက်များရှိ လျှပ်စစ်ဓာတ်မီးတိုင် များတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တပ်ဆင်လျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့ပေါ်ရပ်ကွက်များရှိ မီးလင်းရန်လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်မီးတိုင်များအား သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မေသန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်နှင့်ဝန်ထမ်းများ၊ လက်ထောက်အင်ဂျင်နီယာ ဦးထွန်းလှအောင်နှင့် မြို့မိ/မြို့ဖများသည့် ရပ်ကွက်အတွင်း လှည့်လည်ကြည့်ရှု့ပြီး မြို့နယ်လျှပ်စစ် ဝန်ထမ်းများနှင့်ပူးပေါင်းကာ LED မီးလုံးဂေါက်တိုင်များ တပ်ဆင်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါတပ်ဆင်မှုကို အဓိကလိုအပ်လျက်ရှိသည့် သပိတ်ကျင်းမြို့အဝင်မှစတင်၍ သပိတ်ကျင်း-မိုးကုတ် ကားလမ်းမကြီး၊ မှန်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရုံးကုန်းလမ်း၊ ပိတောက်မြိုင်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမ္ဘာအေးကွက်သစ်ရှိ ဘုရင့်နောင်လမ်းနှင့် ဗန္ဓုလလမ်းတို့တွင် မြိုနယ်လျှပ်စစ်ဝန်ထမ်းများမှ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)