ကျိုက်မရောတွင် ​ရွေး​ကောက်ပွဲဆိုင်ရာ ပညာ​ပေးသင်တန်း ဒုတိယ​နေ့၌ ဆန္ဒမဲပေးနည်း လက်​တွေ့သရုပ်ပြ

ကျိုက်မ​ရော  စက်တင်ဘာ   ၁၈

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/​ကျေးရွာ အုပ်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင် များအား​ ရွေး​ကောက်ပွဲဆိုင်ရာ ပညာ​ပေးသင်တန်း ဒုတိယ​နေ့ကို ယ​​နေ့နံနက် ၁၀ နာရီက အတ္တရံခန်းမ၌ ဆက်လက် ကျင်းပလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါသင်တန်းဒု တိယ​နေ့တွင် သင်တန်းသား/သူများအား ကြိုတင် ဆန္ဒမဲ​ပေးခြင်းနှင့် မဲ​ပေးနည်းပုံစံများကို လက်​တွေ့သရုပ်ပြ သင်ကြားပို့ချ​ပေးခဲ့​သည်။ ထိုသို့ လက်​တွေ့သရုပ်ပြသ ရာ၌ ​ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်း​ရေးမှူး​ဒေါ် အိသဲလင်းတို့က မဲရုံတွင် မဲဆန္ဒရှင်ပြည်သူများအား  ဆန္ဒမဲ​ပေးပုံနှင့် ကြိုတင်မဲ​​ပေးပုံ​ပေးနည်းများကို သင်တန်းသား/ သူများအား လက်​တွေ့ပြသသင်ကြား​ပေးခဲ့ပြီးပြည် ​ထောင်စု​​ရွေး​ကောက်ပွဲ ​ကော်မရှင်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊​ နိုင်ငံ​ရေးပါတီများနှင့် လွှတ်​တော် ကိုယ်စားလှယ် ​လောင်းများလိုက်နာရမည့် ကျင့်ဝတ်၊​ ရွေး​ကောက်ပွဲဆိုင်ရာ စု​ဝေး​ဟော​ပြောခြင်း၊ ကြိုတင်ဆန္ဒမဲ​ပေးခြင်း၊ မဲ​ရေတွက်ခြင်းနှင့်ရလဒ်များ ထုတ်ပြန် ကြေငြာခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာ​ပေးခြင်းစသည့် ဘာသာရပ်များအလိုက် သင်ကြားပို့ချ​ပေးခဲ့​ကြောင်း သတင်းရရှိသည်။

ချိုချို (ပြန်/ဆက်)