စဉ့်ကိုင် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အခြေခံပညာအကြောင်းနှင့် စီမံခန့်ခွဲဆောင်ရွက်မှုများကို ပြောကြားခဲ့ရာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနှင်းဦးက ပြပွဲ၊ ပြိုင်ပွဲဆိုင်ရာများ ကျင်းပရမည့်အစီအစဉ်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးပိုင်က မြို့နယ်ရုံးသို့ပေးပို့ရသည့်အချက် အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးကိုကို ကြီးကပညာရေး စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အကြောင်းကိုလည်းကောင်း၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဟန်က ပညာရေးဆိုင်ရာကြီးကြပ်အကဲဖြတ် စစ်ဆေးခြင်းကိုလည်းကောင်း၊ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားစေရန် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းဆွေးနွေးပွဲကို အောက်တိုဘာ(၂၈)ရက်မှ(၂၉)ရက်နေ့ အထိနေ့စဉ် နံနက်(၉)နာရီ မှ ညနေ(၄)နာရီထိ ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး စဉ့်ကိုင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၁၃)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)