မိုင်းနောင် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က မြို့လယ်ဓမ္မာရုံတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့အတွင်း လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အသက်(၁၀ နှစ်အထက်)နှင့် (၁၈ နှစ်အထက်)ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးကျော်စိုးလှိုင်နှင့် မြို့ပေါ်ရပ်ကွက်တာဝန်ကျ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်သည့်နေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက မိဘပြည်သူများ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား အမှန်တကယ်ကိုင်ဆောင်ရမည့်သူများ ကျန်ရှိမှုမရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ အကြံပြုပေးခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)