မိုးနဲ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ၊ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင့်က မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပေါင်းစပ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကိုဗစ်ရော ဂါကာကွယ်ဆေးထိုးမှု လုပ်ငန်းစဉ်များတွင်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များအား သက်ဆိုင်ရာ ဌာနမှ လိုင်စင်များလာရောက်ပြုလုပ်ပေးရန်ရှိသည့်အတွက် ဌာနများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးများအနေဖြင့် စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေး အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း ၊(၁၁) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန်ကို ဒေဝီ ၁၂ ပါး ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပြုလုပ်မည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)