ကျောက်ဆည်မြို့နယ်အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျောင်း သား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့်အတိုင်း  အသိပညာပေးဟောပြောမှုများကို ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြီး သေချာစွာနာယူမှတ်သားသွားကြရန် ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်သား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အမှားအမှန်ကောင်းစွာဝေဖန်ဆုံးဖြတ်နိုင်ပြီး ဘဝတွင်အောင်မြင်သူများ မလွှဲဧကန်ဖြစ်မည်ဖြစ်သဖြင့် အချိန်ကိုအသုံးချသည့်အနေဖြင့် အားလပ်ချိန်များတွင် ဗဟုသုတရမည့်စာပေများဖတ်ရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ 

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာအုပ်၊စာပေများသည့် မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်ကြောင်းနှင့် ခရိုင်ပြည်သူ့စာကြည်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်သည့်စာအုပ်များကို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်အသိပညာပေး နံရံကပ်စာစောင် များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)