ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ပေါင် စက်တင်ဘာ ၁၈

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု  အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှ တောင်သူ (၁၃) ဦး၏ ပေါ်ဆန်းရင်မျိုးစေ့ထုတ် ဧက (၅၀) အတွက် စပါးမျိုးကွဲပယ်ခြင်းလုပ်ငန်း တစ်ဧက လျှင် (၅၀၀၀၀) ကျပ်၊ သန့်စင်ခြင်း လုပ်ငန်းတစ်ဧကလျှင် (၁၅၀၀၀)ကျပ် တောင်သူ တစ်ဦးကို ငွေကျပ် (၆၅၀၀၀) နှုန်းဖြင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါထောက်ပံ့ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ပြုလုပ် ခဲ့ပြီး သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ တာဝန်ခံ ဦးကျော်စိုးဟန်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်၊ မြို့နယ်လယ်/စီအဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)