တပ်ကုန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက်ထောက်ပံ့

တပ်ကုန်း      စက်တင်ဘာ      ၁၈

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယနေ့ နံနက်ပိုင်းက  ရပ်ကွက်/ကျေးရွာများတွင်  ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျေးချောင်းကျေးရွာအုပ်စု တာဝန်ခံ  ဦးစိုင်းကောင်းစံ (စာရေး ဝန်ထမ်း)နှင့် ကျေးရွာတာဝန်ရှိသူတို့က ကျေးချောင်းကျေးရွာ အုပ်စုအတွင်းရှိ အဘိုး၊ အဘွား (၄၇)ဦးအား တစ်ဦးလျှင် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) သုံးလအတွက် ငွေကျပ် (၃၀,၀၀၀)စီကို အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် သက်ကြီးအဘိုးအဘွား စုစုပေါင်း(၁၁၅၁)ဦး ရှိပြီး၊ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်၍ အဘိုးအဘွားများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်