မော်လမြိုင် စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ယမန်နေ့ညနေပိုင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံဆွေးနွေး ဂုဏ်ပြုခြင်း အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်တို့က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် အတွက် ရန်ကုန်မြို့သို့ သွားရောက်မည့် ဆရာဝန်(၂)ဦး၊ သူနာပြု(၂၀)ဦးတို့အား ဂုဏ်ပြုအမှာစကားပြောကြားပြီး မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ်(၂၂၀၀၀၀ဝိ/-)ကို ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)