မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန် ကွင်းဆင်းဆောင်ရွက်

မြစ်သား အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး () ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ် မင်းလယ်ကျေးရွာအုပ်စု မင်းလယ်ကျေးရွာ (ထန်းတောကုန်း) ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက် () ရပ်တို့ကို အကောင်ထည်ဖော် ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက  မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး မင်းလယ်ကျေးရွာ (ထန်းတောကုန်း) နေ ဦးအောင်ထွန်းမှ မိမိတို့ (ထန်းတောကုန်း) အား ပြည်ထဲရေးရွာဂရမ်အမည်ပေါက် ဆောင်ရွက်ပေးရန်၊ မင်းလယ်ကျေးရွာ (ထန်းတောကုန်း) နေဦးထွန်းမှ ရေဆိုးထုတ်မြောင်းကွင်းအမှတ် (၆၀၆/၆၀၇)‌ ရေကျင်ရိုးအား ပြုပြင်ပေးစေလိုကြောင်း၊ ဦးကျောက်ကွင်းမှ မင်းလယ်ကျေးရွာအား မြစိမ်းရောင်ကျေးရွာအဖြစ် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း၊ လင်းဇင်းကျေးရွာနေ ဦးမင်းအောင်မှ ကျေးရွာ၏ ရွာအဝင်တံတားအား ချဲ့ထွင်ပြုပြင်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဦးစိန်ထွန်းမှ ကျေးရွာစာသင်ကျောင်း၌ ဆရာ/ဆရာမအင်အား  တာဝန်ချထားဆောင်ရွက်ပေးစေလိုကြောင်း  အသီးသီးဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာရဲကင်းစခန်းမှ ရဲအုပ်မင်းသိန်းစောက တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှုမခံရစေ‌ရေး အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်လဝကဦးစီးမှူး ဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအနေဖြင့် ကိုယ်တိုင်လာ‌‌ရောက်တွေ့ဆုံကာ ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး ဌာနမှထုတ်ဝေသည့် “မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်ချက်ဆိုင်ရာ” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး (မြစ်သား)