မုဒုံ စက်တင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကမြို့နယ်အတွင်းရှိရပ်ကွက်များသို့ လိုက်လံနှိုး ဆော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမြင့်ဦးဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ကြရန်၊ ပြည်သူများမဖြစ်မနေပြင်ပသို့ သွားလာပါက နှာခေါင်း စည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ အခြားပြည်နယ်တိုင်းဒေသကြီးမှ ပြန်လာသည့်ပြည်သူများ ဝင်ရောက်မှုရှိ လျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသိပေး အကြောင်းကြာရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့်ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် မီးဘေးအန္တရာယ်များ သတိပေးခြင်း ကို နေ့စဉ် နံနက်(၇)နာရီခန့်တွင် တစ်ကြိမ်၊ နံနက်(၁၀)နာရီခန့်တွင် တစ်ကြိမ်၊ ညနေ(၄)နာရီခန့် တွင်တစ်ကြိမ်၊ ည(၇)နာရီခန့်တွင် တစ်ကြိမ်တစ်နေ့လျှင်(၄)ကြိမ်ရပ်ကွက်များတွင် သတိပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)