ကွမ်းခြံကုန်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း များတွင် အသုံးပြုရန်(PPE)ဝတ်စုံများကို မင်းသုဝဏ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် မင်းသုဝဏ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့် အတွင်းရေးမှူး ဦးအောင်ကျော်စိုးတို့ က(PPE)ဝတ်စုံ(၂၀)အား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် (PPE)ဝတ်စုံ(၃၀)အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူတို့ထံ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုကို မင်းသုဝဏ် ဖောင်ဒေးရှင်း၏ နာယကကြီးများဖြစ်ကြသော ဒေါက်တာဉာဏ်စိုး၊ ဦးထင်ကျော်(နိုင်ငံတော်သမ္မတ(ငြိမ်း))၊ ဒေါ်ထားချို တို့က ဖောင်ဒေးရှင်းကိုယ်စားပြု လှူဒါန်းခြင်းဖြစ်ပြီး PPE ဝတ်စုံ အစုံ(၅၀)၏ တန်ဘိုးငွေမှာ (၁၆)သိန်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းမှု အတွက် ကိုဗစ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ် ဆရာဝန်ကြီးတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ရာ မင်းသုဝဏ် ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)