ရေး အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက "မီးဘေးအန္တရယ်ကြောက်မက်ဖွယ် ကာကွယ်မနှေးဒို့အရေး ပြည်သူအားလုံးပါဝင်ပေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခဲ့ကြသည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သိမ့်သိမ့်ရည်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေး အန္တရယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် ယခုလိုအသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးအောင်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်များအကြောင်း မီးဘေးလုံခြုံရေးလုပ် ငန်းတာဝန်များ၊ မြို့ပြနှင့်ကျေးလက်ဒေသများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ အိမ်တိုင်းအိမ်တိုင်းတွင် မီးသတ်ဆေးဘူး အသင့်ဆောင်ထားခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် မီးလောင်မှု ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေးမြို့နယ်ရုံးအနေဖြင့် ပြည်သူ့များနှင့် ကျောင်းသား/ ကျောင်းသူ၊ လူငယ်/ လူရွယ်များ အသိပညာဗဟုသုတတိုးပွါးရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ယခုလိုအသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို လစဉ်ကျင်းပပြုလုပ်၍ Online မှ လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေး၊ ပြန်/ဆက်