ရသေ့တောင်မြို့နယ် Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ရသေ့တောင် အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တာင်မြို့နယ်၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ရသေ့တောင်မြို့နယ် (Community Centre) တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့သန္ဒိဋ္ဌာန်၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီ း(၁၁)ဦးအကြောင်းကို အကျယ်တဝင့်ဟောပြောသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)