ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အခြေခံပညာကျောင်းများတွင်  ကျောင်းအဆင့် ထူးချွန်စာမေးပွဲများဖြေဆို

ဒဂုံတောင် အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်စေရေး၊ ဘက်စုံထူးချွန်သောလူရည်ချွန်များ ပေါ်ထွန်းလာစေရေးရည်ရွယ်ကာ ယနေ့နံနက် ၉ နာရီက ကျောင်းအဆင့်ထူးချွန်စာမေးပွဲများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ထူးချွန်စာမေးပွဲများအား Great 9 ၊ Great 10 ၊ Great 11 အဆင့် ကျောင်းသားကျောင်းသူ(၁၀၀)ဦး ဝင်ရောက်ဖြေဆိုကြပြီး ရေးဖြေ၊ နှုတ်ဖြေနှင့် အားကစားများဖြေဆိုရန် အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်ထိ (၂)ရက်ကြာကျင်းပပြုလုပ်ကာ ထူးချွန်မှုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်းနှင့် ထူးချွန်စာမေးပွဲဖြေဆိုနေမှုများအား ပညာရေးစစ်ကျောင်းမှ ကွင်းဆင်းကြည်ရှုအားပေးကြောင်း သတင်းရရှိသည်။

သန်းသန်းအေး(ပြန်/ဆက်)