ခရမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများထံပေးအပ်

ခရမ်း စက်တင်ဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၌ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း နိုင်ငံတော်အစိုးရ က  ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့သည့်ငွေများကို  ယမန်နေ့ ညနေ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ထုတ်‌ဝေပေး အပ်ခဲ့သည်။

နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့်အခြေခံ လူတန်းစားများ လက်ဝယ်အရောက်  လျင်မြန်ပြည့်ဝ စွာ ရောက်ရှိစေရေး လမ်းညွှန်မှာကြား၍  ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ အိမ်ထောင် စု  ၂၅၈၇၁ စုရှိပြီး အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း များက ပြည်သူများ လက်ဝယ်အရောက်‌လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ခရမ်းမြို့နယ်အတွင်း အိမ်ထောင်စု ၂၅၈၇၁ စုကို ငွေကျပ် ၅၁၇ ၄၂၀၀၀၀ ကျပ်အားထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)