မိုးကုတ် အောက်တိုဘာ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးကုတ်မြို့နယ် ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများဖြင့် ရုံးလုပ်ငန်းသဘောတရားများကို သိရှိစေရန်၊ ရုံးစာရေးသားရာတွင် စနစ်တကျရှိစေရန်နှင့် သတ်မှတ်ထား သည့် နည်းစနစ်များအတိုင်း အစီအစဉ်တကျ ရေးသားနိုင်စေရန်စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးဒေါ်ကြည်ကြည်နွဲ့နှင့် ဝန်ထမ်းများက ရုံးလုပ်ငန်းအဓိပ္ပာယ်၊ ပြီးပြည့်စုံသောရုံးလုပ်ငန်း၊ ဝင်စာများကို အရေးယူ ဆောင်ရွက်ခြင်း၊ ရုံးတံဆိပ်ရိုက်နှိပ်ခြင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နန်းခွာညိုနှင်း