သပိတ်ကျင်း အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေုးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ကာယဉာဏတိုးတက် ဖွံ့ဖြိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာပြီး အတွေးအခေါ်များကောင်းများရရှိလာစေရန်၊ Book Club အဖွဲ့ဝင်များတိုးပွားလာစေရန် ရန်ရည်ရွယ်ပြီး စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များမှ ဦးဖြိုးကျော်ကျော်က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင်ဇွဲ” စာအုပ်မှ “ချစ်သောမျက်စိနှင့် ကြည့်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ယဉ်နီလာအေး(လုပ်သားရုပ်သံ)က ပန်းတိုင်းပွင့်ဝေ “ငြိမ်းချမ်းပါစေမြန်မာပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများမှ သိရှိလိုသည်များမေးမြန်းခဲ့ပြီး ဆွေးနွေးခဲ့မှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာ စေရန် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show)များ လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show များကို သပိတ်ကျင်းမြို့နယ်ရုံးမှ ဖွင့်လှစ်ထားထားသည့် We Love Thabeikkyin Facebook page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)