လင်းခေး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက လင်းခေးမြို့နယ်၊ ပုန်းထွန် ကျေးရွာအုပ်စု၊ ပုန်းထွန်အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)၌ လူငယ်နှင့်စာရိတ္တ အသိပညာပေး ဟောပြောပွဲနှင့် မိုဘိုင်းစာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းပြုံးရီက ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့် စာရိတ္တပိုင်းဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပေးခဲ့သည်။ ဆက်လက်ပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဒေါ်နန်းဆေး(ဒုတိ ယဦးစီးမှူး)နှင့် ဝန်ထမ်းများက အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးခန့်အား သုတရသစာအုပ်စာပေများခင်းကျင်း ပြသပေးခြင်း၊ စာအုပ်ငှားရမ်းပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးများက အဆိုပါခင်းကျင်းပြသထားပေးသည့်စာအုပ်များ ဖတ်ရှုစေခြင်းဖြင့် လူငယ်များစာဖတ် ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်