မော်လမြိုင် အောက်တိုဘာ၂၇
မွန်ပြည်နယ်အတွင်းရှိ မော်တော်ယာဉ် မောင်းနှင်သူများ စီးနှင်းလိုက်ပါသူများ သိရှိလိုက်နာနိုင်စေရန်မတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး လက်ကမ်း စာစောင်များကို ယမန်နေ့ ညနေပိုင်းက ကမ်းနားလမ်းတစ်လျှောက်၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကိုကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများကကမ်းနားလမ်းတစ်လျှောက်ရှိ မော်တော်ယာဉ်မောင်းနှင်သူများထံသို့ အခမဲ့ လိုက်လံဝေငှပေးခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရာ တွင်လိုက်နာရမည့် အကြောင်းအရာများ မော်တော်ဆိုင်ကယ် အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့် အချက် ၁၀ ချက်၊ နောက်မှထိုင်စီးသူများ ဂရုစိုက်ရမည့် နည်းလမ်းများ၊ လက်ကိုင်ဖုန်း သုံးစွဲ၍ မောင်းနှင်းခြင်း မပြုကြရန်၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်တိမ်းမှောက်မှု ဖြစ်လာပါက ပြစ်မှုအကြောင်းအရာများပါရှိကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်