လွိုင်လင် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီအစည်းအဝေး (TCRC) ကို ယနေ့နံနက် ၁၁ နာရီအချိန်က လွိုင်လင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဉီးသိန်းထွဋ်မှ အဖွင့်အမှာ စကားပြောရာတွင် ကလေးသူငယ်အားလုံးအတွက် အဓိကအခွင့်အရေး(၄)ရပ် ဖြစ်သည့် အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဉပဒေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး ဒေါ်စန်းမြင့်ခိုင်က TCRC အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ CRC ၏ အခြေခံမူ(၄)ရပ်၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်၏ အခွင့်အရေးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ခရိုင်ပြန်/ဆက် )