မက်မန်း အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမတွင် ဒေသခံတိုင်းရင်းသား ကလေးများငယ်များ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ရေး၊ ကာယဉာဏ စွမ်းရည်များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန် ကြားရေး)က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဦးစွာရှင်းလင်းရာတွင် ဒေသခံကလေးငယ်များ အားများအား ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြိုင်ပွဲများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသားသူများအနေဖြင့်လည်း ကြိုးစားပွဲပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄၀)ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာလုံးပေါင်း သတ်ပုံအမှန်ရွေးချယ်ခြင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမ၊ ဒုတိယနှင့် တတယဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ ကြပြီး လစဉ်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်