လယ်ဝေးမြို့နယ် အတွင်းရှိအခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်  ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးကျင်းပ

လယ်ဝေး  အောက်တိုဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်​တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(၁) လယ်ဝေး၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးခရိုင်ပညာရေးမှူး ဦးကျော်စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင် စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာ ရေးမှူး ဦးအောင်လွင်က စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးအတွက် စတင်ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၂၆၄) ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၂၆၄)ဦး အား နည်းပြဆရာကြီး၊ ဆရာမကြီး(၃)ဦးတို့က သင်ကြားပို့ချဆွေးနွေးမည်ဖြစ်ကြောင်း သတင်း ရသည်။

နေဇော်ချစ်(ပြန်/ဆက်)