အလုံ စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်နိုင်ရေး တို့အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၂၇)အား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆,၅၄၀,၀၀၀) အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟစိုးက လွဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို ပြန်/ဆက်