မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အဆင့်ဆင့် သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အသုံးပြုရန် Mask များလှူဒါန်း

မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ကနောင် အင်စတီကျူ (KANAUNG INSTITUTE)က ယမန်နေ့က မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ Mask ၃၀၀၀ လှူဒါန်းခဲ့သည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်း ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါလှူဒါန်းသော Mask များကိုမန္တလေးတိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်