ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌  စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့်  ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာဇော်လွင်တို့က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဌာန၏လက်ရှိလုပ်ငန်း ဆောင်ရွက်ချက်များ၊  Call Centre ထားရှိမှုနှင့် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်ထွန်းဝင်း(ခရိုင်ပြန်/ဆက်)