မဟာအောင်မြေ အောက်တိုဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကျင်းပသော စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းပို့ချသူ ပညာရေးမှူး ဦးလှမြင့်က စီမံ၊ ဘဏ္ဍာ၊ ပညာ စသည့် အခန်းကဏ္ဍများကိုရှင်းလင်းပြီး စီမံနှင့်ပတ်သက်၍ ခေါင်းဆောင်ကောင်းတစ်ဦးရှိရမည့် အရည်အချင်းများ၊ ဘဏ္ဍာရေးကိစ္စများနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီသုံးစွဲနိုင်ရေး ရှင်းလင်းပြီး ဆရာ/ဆရာမများ ဖွဲ့စည်းမှုအသစ်ကိုရှင်းလင်းခြင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်း သင်ကြားပို့ချခဲ့သည်။
အဆိုပါ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မဟာအောင်မြေမြို့နယ် ပညာရေးမှူး ဦးလှမြင့်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း(၃၇)ဦးတက်ရောက်ပြီး သင်တန်းကို(၂၇-၁၀-၂၀၂၂)မှ(၂၈-၁၀-၂၀၂၂)ရက်နေ့အထိ (၂)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိုး