Positive လူနာများနှင့်ထိတွေ့ခဲ့သူများအား လှိုင် အ.မ.က(၂၆)နှင့် အ.လ.က(၅)တွင် Swab ယူ၍ စစ်ဆေး

လှိုင်   စက်တင်ဘာ   ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ခဲ့သူများ အားထားရှိရန် Quarantine Center နေရာများ မလုံလောက်သောကြောင့် လှိုင်မြို့ နယ်အတွင်းရှိ အ.မ.က  (၂၆) နှင့် အ.လ.က (၅)ကျောင်းတို့အား Quarantine Center များ အဖြစ် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ ခဲ့သူများ ထပ်မံပေါ်ပေါက်လာပါက ထားရှိရန် ကိုဗစ်-၁၉ ကော်မတီဝင်များ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ကြို တင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အ.မ.က (၂၆)ကျောင်း၌ လူနာများအတွက် ကုတင်(၆၀) လုံးနှင့် အ.လ.က ( ၅ )ကျောင်း ၌ ကုတင်အလုံး(၄၀) အပါအဝင် လိုအပ်သော ရေ၊မီး၊ အသုံးအဆောင်နှင့် လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအား ကြိုတင်စီမံဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ Quarantine Center များအား ယမန်နေ့ကစ၍ စတင်ဖွင့်လှစ်ခဲ့ရာ Positive လူနာနှင့် ထိတွေ့ခဲ့သူ လှိုင် မြို့နယ် အတွင်းမှ(၅၇) ဦးအားစတင်လက်ခံခဲ့ပြီး Swabယူစစ်ဆေးပေး လျက်ရှိကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)