သုံးခွ အောက်တိုဘာ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နေကြာတိုးချဲ့စိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်စေရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပျားမွေးမြူရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း
သိရသည်။
ပျားမွေးမြူရေးသင်တန်းတွင် ပျားမွေးမြူရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ဒုတိယဦးစီးမှူး ဦးရဲ၀င်းအောင်တို့က ခေတ်မီပျားမွေးမြူရေးလုပ်ငန်း၊ မွေးမြူနည်းစနစ်၊ ရွေးချယ်မွေးမြူသင့်သည့်နေရာ၊ ပျားစတင်မွေးမြူခြင်း၊ မျိုးပျားအုံများ ၀ယ်ယူမွေးမြူခြင်း၊ ပျားအုံကိုင်တွင် ထိန်းသိမ်းခြင်းစသည့် အကြောင်းအရာများကို ပရိုဂျက်တာဖြင့် သင်တန်းပို့ချပေးခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တောင်သူဦးကြီး( ၃၀ )ဦးတို့က သင်တန်းတက်ရောက်ကြပြီး ၂၆-၁၀-၂၀၂၂ရက်နေ့မှ ၂၇-၁၀-၂၀၂၂ရက်နေ့အထိ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း