အမရပူရမြို့နယ်တွင် စာဖတ်ရှိန်​မြှင့်တင်ရေး နံရံကပ်စာစောင်နှင့် စာအုပ်စောင်ပြသပွဲ ကျင်းပ

အမရပူရ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပိန်းတန်းရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က နံရံစာစောင်နှင့် စာအုပ်စာစောင် ပြသကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက အားလပ်ချိန်တွင် ကလေးသူငယ်များ စာပေဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းက ကလေးငယ်များ လေ့လာကြည့်ရှုနိုင်ရန် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကလေးသူငယ်များက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုးသီဟ(ပြန်/ဆက်)