မိုင်းယု စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသမိုင်းယုမြို့တွင် မိုးစပါးအထွက်တိုးစေရေးအတွက် တောင်သူတို့၏ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများသို့ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရန် ယမန်နေ့ နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများက ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် မျိုးစေ့ထုတ်စိုက်ခင်းများ၊ မျိုးသန့်စံပြကွက်များ၊ ဘောင်စနစ် စိုက်ပျိုး စံပြကွက်များတို့တွင် ပိုးမွှားရောဂါ ကျရောက်မှုနှင့် မျိုးကွဲပေါင်မြက်များ ပေါက်ရောက်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး တောင်သူများအား နည်းစနစ်တကျ ဆောင်ရွက်နိုင်စေရေးတို့အတွက် ကွင်းဆင်း ပြသ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)