တကောင်း အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမနှင့် ကလေးစာဖတ်ခန်းတို့တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးမှ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူများမှ ကာယ၊ ဉာဏ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်များနှင့် အခြားအသိပညာပေး အစီအစဉ်များအား လစဉ် အစဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီရိ(ပြန်/ဆက်)