တပ်ကုန်းမြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးကျင်းပ

တပ်ကုန်း အောက်တိုဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွင်း  အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကံ့ကော်စာသင်ဆောင်တွင် ကျင်းပသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပညာရေးမှူး(ပူးတွဲတာဝန်)လက်ထောက်ညွှန် ကြားရေးမှူး ဦးမျိုးဆန်းက အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများတိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့်စွမ်းဆောင် ရည်ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြော ကြားခဲ့ပြီးနောက် မြို့နယ်အတွင်းအခြေခံပညာကျောင်းပေါင်း(၁၆၇)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၁၆၇)ဦးတို့ကို နည်းပြဆရာကြီး၊ ဆရာမကြီး (၅)ဦးဖြင့် (အောက်တိုဘာ ၂၇ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့)ထိ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်အခန်း(၃)ခန်းခွဲပြီး ပညာရေးစီမံ ခန့်ခွဲမှု စွမ်းရည်မြင့်မားရေးအလုပ်ရုံဆွေးနွေး သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်