ပုသိမ်ကြီးမြို့နယ် Community Centre တွင် အမျိုးသားနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ပုသိမ်ကြီး အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အမျိုးသားနေ့အကြို အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို နေ့နံနက် ၉နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ပွဲများတွင် မြို့နယ်ဦးစီးအရာရှိမှ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူ များအား အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲကျင်းပရမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး ဒုတိယဦးစီးမှူးမှ ပြိုင်ပွဲ၀င် စည်းမျဉ်း/ စည်းကမ်းများအား သတ်မှတ်ထားရှိမှုတို့နှင့်ပတ်သက်၍ ဖတ်ပြဆွေးနွေးခဲ့ပြီး အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသားနေ့အကြို အထိမ်းအမှတ်ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲ အစရှိသည့် အသိပညာပေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)