မက်မန်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မက်မန်း အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် (အရှေပိုင်း)၊ ”ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြိုနယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်( ၁၀)  နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်းက ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာတွင် ဆောင်ရွက်လျက် ရှိသော ရွာတွင်းကွန်ကရစ်လမ်း (၇၀၀) ပေ၊ အကျယ် (၁၂)ပေ (၆)လက်မ ထု) အား ကျေးရွာနေ ပြည်သူများကိုယ်တိုင် ခင်းကျင်းနေမှုကို ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် စစ်ဆေးမှာကြားပြီး မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်းပေးခဲ့သည်။

အဆိုပါ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) မတည်ပြီး ကျေးရွာထည့်ဝင်ငွေများဖြင့် ကျေးရွာကော်မတီဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူ များ၏ လုပ်အားဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မူလခွင့်ပြုရွာ(၂)ရွာနှင့် ထပ်တိုးဆောင်ရွက်မည့်ရွာ (၃)ရွာ စုစုပေါင်း(၅)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းရွှေအောင် (ခရိုင်ပြန်/ဆက်)