မန္တလေး အောက်တိုဘာ ၂၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများ အားလပ်ချိန် တွင် စာပေဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စာအုပ်/စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်၊စာစောင်များ ငှားရမ်းရာတွင် သုတ(၅၀)အုပ်၊ ရသ(၈၀)အုပ် ပါဝင်ပြီး နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်စာစောင်များကို လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်သည်။
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိုဘိုင်းစာငှား ဝန်ဆောင်မှုပေးခြင်းကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများသို့ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး(ပြန်/ဆက်)