မလှိုင် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဌေးက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းအတွက် လိုအပ်သည့် Kinemaster download ဆွဲနည်း၊ Kinemaster အသုံးပြု၍ ဗီဒီယိုဖိုင်တည်းဖြတ်ခြင်း၊ အသံသွင်းခြင်း၊ ဗီဒီယိုဖိုင်လုံးခြင်း(export)၊ စသည့် ဗီဒီယိုတည်းဖြတ်ခြင်းလုပ်ငန်း အဆင့်ဆင့်အကြောင်းနှင့် ဗီဒီယိုရိုက်ကူးရာတွင် သတိထားရမည့် အချက်များကို ဝန်ထမ်းများအား ပြန်လည်မျှဝေဆွေးနွေးပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ဝန်ထမ်းများ၏ သိလိုသည့်မေးမြန်းချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ဝန်ထမ်းများအားလုံး သိရှိနားလည်ပြီး သတင်းများရေးသားပေးပို့ရာတွင် ရုံးလုပ်ငန်းများ အဆင်ပြေ လျင်မြန်ချောမွေ့စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)