ကွတ်ခိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စိုက်ပျိုးထားသော လယ်ကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကွတ်ခိုင် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ ထုတ်ကွက်များ စိုက်ပျိုး‌သောဒေသခံ တောင်သူများကို ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်း အတွက် ထောက်ပံ့ပေးထားရာ ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှိသူများက သွားရောက် ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ သွားရောက် ကွင်းဆင်းစစ်ဆေးရာတွင် ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်ထွန်းအောင်နှင့် တာဝန်ရှိသူများက နမ့်ဖက်ကာကျေးရွာအတွင်း မျိုးစေ့ထုတ် စိုက်ပျိုးသော တောင်သူများ၏ စိုက်ခင်းများ စနစ်တကျ စိုက်ပျိုး ထားခြင်းရှိ/မရှိနှင့် ပေါင်းမြက် ရှင်းလင်းရာတွင် သိရှိရမည့် အချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ပထမအကြိမ်နှင့် ဒုတိယ အကြိမ် မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်းအတွက် ထောက်ပံ့ပြီးကြောင်းနှင့် မျိုးစေ့ထုတ်စိုက်ပျိုးသော လယ်ဧက (၂၅) ဧက ရှိကာ မျိုးစေ့ထုတ်စိုက်ပျိုးသော တောင်သူ(၁၀) ဦး ရှိ‌ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)