ဝမ်းတွင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဝမ်းတွင်း၊ စက်တင်ဘာ ၁၈


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ် ထောင်စုများအား ထောက်ပံ့ငွေကျပ်(၂၀၀၀၀)ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူမှ အဖွင့်စကားပြောကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးတင့်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို နယ့်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၄၃၉၆၆)စုအတွက် အိမ်ထောင်စု တစ်ခုလျှင်ကျပ် (၂၀၀၀၀)နှုန်းဖြင့်ငွေကျပ် သိန်းပေါင်း (၈၇၉၃၂၀၀၀၀)ကျပ်ကိုတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးအောင်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှုးဦးမျိုးတင့်နှင့်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်မှ ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု(၇၅)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊မြို့နယ်အုပ် ချုပ်ရေးမှူးဦးမျိုးတင့်၊ မြို့နယ်စီမံခန့်ခွံမှုကော်မတီဝင်များ နှင့်ဌာနဆိုင်ရာများ၊ရပ်ကွက်ကျေးရွာအုပ်စု (၇၅)အုပ်စုမှု အုပ်ချုပ် ရေးမှုးများတက်ရောက်ခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)