ရန်ကင်း အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအဆင့် လူရည်ချွန်စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ် ၁၄:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းမှာ ကျောင်းသူး/သားများ ထူးချွန်ထက်မြက်လာစေရန်၊ တွေးခေါ်မှုမြင့်မားလာစေရန်၊ အတန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည့် အနာဂတ်ကျောင်းသား/သူများ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင် ဝင်ရောက်ယှဉ်ပြိုင်လာနိုင်စေရန် ရည်ရွယ်၍ လူရည်ချွန်စာမေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲအား ကျောင်းသား/သူ(၂၅)ဦးတို့မှ ထူးချွန်စွာ ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)